Smart Kids Roadmap
February 22, 2021 2025-11-04 15:11Smart Kids Roadmap
Smart Kids Series
Smart Kids Program သည် မူလတန်းကျောင်း၊ Grade KG မှ Grade 6 အရွယ် ကလေးများ နည်းပညာနယ်ပယ်သို့ စတင်ခြေလှမ်းနိုင်ရန် ရည်ရွယ်သည့် foundational curriculum တစ်ခု ဖြစ်ပါသည်။ ဤပရိုဂရမ်၏ အဓိက ရည်မှန်းချက်မှာ ကလေးများကို Digital Literacy ရှိစေရန်ဖြစ်ပါတယ်။ ဆိုလိုသည်မှာ ကွန်ပျူတာများကို လုံခြုံစွာနှင့် တာဝန်ယူမှုရှိစွာ အသုံးပြုတတ်စေရန် ဖြစ်ပါသည်။ ထို့အပြင်၊ ရိုးရှင်းသော Word Processing (စာစီစာရိုက်ခြင်း)၊ Drawing (ပုံဆွဲခြင်း) နှင့် Presentations (တင်ဆက်မှုများ ပြုလုပ်ခြင်း) စသည့် Basic ICT Application Skills (အခြေခံ ICT အသုံးချ ကျွမ်းကျင်မှုများ) ကိုလည်း သင်ကြားပေးမှာဖြစ်ပါတယ်။ ထို့အပြင် Computational Thinking ကို Scratch ကဲ့သို့သော Visual, Block-based Coding (မြင်သာသော၊ ဘလော့ခ် အခြေပြု ကုဒ်ရေးနည်း) များဖြင့် ပျော်စရာကောင်းစွာ မိတ်ဆက်ပေးခြင်း များလဲ ပါဝင်မှာဖြစ်ပါတယ်။ ပျော်ရွှင်မှု၊ လုံခြုံရေးနှင့် Project-based Learning တို့ကို အဓိကထား၍ ကလေးများ၏ နည်းပညာဆိုင်ရာ အခြေခံစွမ်းရည်များကို ခိုင်မာအောင် တည်ဆောက်ပေးမည် ဖြစ်ပါသည်။
-
Smart Kids Flyer
Smart Kids Flyer သည် Grade 4 ကျောင်းသားများအတွက် ဖန်တီးထားသော Program ဖြစ်ပြီး၊ Data, Multimedia, Communication နှင့် Coding အကြောင်းအရာများကို ပိုမိုတိုးချဲ့ပြီး လေ့လာနိုင်စေရန် ရည်ရွယ်ထားပါတယ်။
ဤသင်တန်းသည် Smart Kids Series ၏ Advanced Level ဖြစ်ပြီး၊ “Learn – Create – Share” ကို အဓိကအခြေခံထားသော Interactive Learning Course ဖြစ်ပါသည်။ -
Smart Kids Genius
Smart Kids Genius သည် Grade 5 ကျောင်းသားများ အတွက် ဖန်တီးထားသော Advanced-Level Program ဖြစ်ပါတယ်။
နည်းပညာအသုံးချခြင်းမှ တီထွင်ဖန်တီးနိုင်သော Digital Creator ဖြစ်လာသည်အထိ ရည်ရွယ်ထားပါသည်။
ဤသင်တန်းသည် Smart Kids Series ၏ Advance Level ဖြစ်ပြီး၊ ကျောင်းသားများအနေနဲ့ Digital Research, Communication, Creation တို့ကို ပိုမိုတက်ကြွစွာ လေ့လာရမည်ဖြစ်ပါသည်။ -
Smart Kids Expert
Smart Kids Expert သည် ICT (Information & Communication Technology) နှင့် Computer Science အခြေခံသဘောတရားများကို တစ်ဆင့်မြင့်လေ့လာလိုသူများအတွက် ဖန်တီးထားသော Expert-Level Program ဖြစ်ပါသည်။
ဤသင်တန်းသည် Digital Literacy, Computational Thinking, နှင့် Project-based Learning ကို ပေါင်းစပ်ထားပြီး၊ Digital Creator တစ်ဦးအဖြစ် တိုးတက်လာစေရန် ရည်ရွယ်ထားပါသည်။ -
Smart Kids Starter
ကျွန်ုပ်တို့၏ Class များတွင် ကျောင်းသား/ကျောင်းသူများအား မတူညီသော activity များကို အပြန်အလှန် မျှဝေရန် (sharing and caring) လုပ်ဆောင်ရန်အတွက် ဆရာ/မ များက တိုက်တွန်းပေးပါသည်။ ထိုသို့ တိုက်တွန်းခြင်းကြောင့် ကျောင်းသားများ အပြန်အလှန် communication skills များသာမက confidence level တစ်ခုကို တည်ဆောက်ပြီးသားဖြစ်စေမည် ဖြစ်သည်။ ကျွန်ုပ်တို့၏ သင်ရိုးညွန်းတမ်းသည် ကျောင်းသား/သူများအား ကုဒ်ရေးနည်းများ (basic coding skills) အပြင် Computing and Digital literacy Skills များကိုပါ ထည့်သွင်းသင်ကြားပေးနေပါသည်။ နည်းပညာကို ငယ်ရွယ်စဉ်ကတည်းက စတင်လေ့လာခြင်းသည် အမျိုးမျိုးသော အခွင့်အလမ်းများ ဆုပ်ကိုင်နိုင်ရန် အတွက် ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် Smart Kids Program အားဖွင့်လှစ်ပေးထားခြင်းဖြစ်သည်။
-
Smart Kids Explorer
Smart Kids Explorer သည် Grade 1 နှင့် Grade 2 ကျောင်းသား/သူများအတွက် Computer Fundamentals, Internet Basics, နှင့် Digital Creativity များကို လေ့လာနိုင်သော Interactive Learning Program တစ်ခု ဖြစ်ပါသည်။
ဤသင်တန်းသည် Smart Kids Starter ပြီးသောအခါ တက်ရောက်နိုင်မည့် နောက်တစ်ဆင့်အတန်းဖြစ်ပြီး၊ Computer အသုံးပြုပညာ၊ Internet အသုံးပြုပညာနှင့် Online Safety စသည့် အခြေခံအကြောင်းအရာများကို လက်တွေ့လေ့ကျင့်သင်ကြားပေးပါသည်။ -
Smart Kids Racer
Smart Kids Racer သည် Grade 3 ကျောင်းသားများအတွက် အဆင့်မြင့်သော Computational Thinking နှင့် Internet Research Skills များကို လေ့လာသင်ယူနိုင်ရန် ရည်ရွယ်ထားသော Interactive Learning Program တစ်ခု ဖြစ်ပါတယ်။
ဤသင်တန်းသည် Smart Kids Starter နှင့် Smart Kids Explorer ပြီးသောအခါတက်ရောက်နိုင်မည့်အတန်းဖြစ်ပြီး၊ Logic Thinking, Algorithm, Online Safety, နှင့် Data Understanding စသည့် အကြောင်းအရာများကို လက်တွေ့သင်ကြားပေးမှာဖြစ်ပါတယ်။