Minecraft Modding Course

Minecraft Modding Course

Last Update November 8, 2025
2

About This Course

Course မှတစ်ဆင့် ကလေးများသည် Minecraft Programming Environment ကို အသုံးပြု၍ ရှုပ်ထွေးသော Games များကို ဖန်တီးရန် သင်ယူလေ့လာနိုင်မှာဖြစ်ပါတယ်။ ၎င်းတို့သည် Object-Oriented Programming (OOP) Concepts များကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာခြင်း၊ အမျိုးမျိုးသော In-game Events များကို မည်သို့ စီမံခန့်ခွဲရမည်နှင့် Event မှ ထုတ်ပေးသော Information များကို မည်သို့ ပြန်လည်ရယူရမည်ကို သင်ယူရမှာဖြစ်ပါတယ်။

၎င်းအချက်များအပေါ် အခြေခံ၍ Code ကို အသုံးပြုကာ ဆန်းသစ်သော Game ElementsCommands နှင့် Mechanics များကို ဖန်တီးကြရမှာဖြစ်ပါတယ်။ ဤသင်ရိုးညွှန်းတမ်းသည် Game Development အပေါ် အလေးထားပြီး 3D Environment အတွင်းရှိ Game Design Skills ကို မြှင့်တင်ရန်၊ ဆန်းသစ်သော စဉ်းစားပုံ (Innovative Thinking) ကို လှုံ့ဆော်ရန်နှင့် ရှုပ်ထွေးသော Problem-solving Abilities များကို တိုးတက်စေရန်အတွက် Advanced Programming Concepts များကို အသုံးပြုထားပါသည်။

Key Learning Objectives (အဓိက သင်ယူမှု ရည်မှန်းချက်များ)

  • 3D Game Development (3D ဂိမ်းဖန်တီးမှု): Coding Commands များကို အသုံးပြု၍ Players များသည် Game World နှင့် မည်သို့ Interact လုပ်သည်ကို ပြောင်းလဲစေကာ 3D Environment အတွင်းရှိ Game Development Techniques များကို ကျွမ်းကျင်အောင် လေ့လာရမည်ဖြစ်သည်။

  • Advanced Programming (အဆင့်မြင့် Programming): မတူညီသော Game Content များကို ဒီဇိုင်းဆွဲရန်အတွက် ရှုပ်ထွေးသော Data Processing Skills ကို မြှင့်တင်ရန် Object-Oriented Programming ကို လေ့လာပြီး အသုံးချရမည်ဖြစ်သည်။

  • Applied AI (AI အသုံးချမှု): အခြေခံ Artificial Intelligence (AI) Concepts နှင့် Algorithms များကို သင်ယူကာ Introductory AI Computational Concepts များကို Game Design တွင် အသုံးချ၍ ဉာဏ်ရည်ထက်မြက်ပြီး ဆန်းသစ်သော Games များကို ဖန်တီးရမည်ဖြစ်သည်။

  • Real-Time Testing (အချိန်နှင့်တပြေးညီ စမ်းသပ်ခြင်း): Game World အတွင်း၌ Code ကို Real-time စမ်းသပ်ခြင်းနှင့် ထပ်ခါတလဲလဲ လက်တွေ့ကျသော စမ်းသပ်မှုများမှတစ်ဆင့် ဖန်တီးမှုများကို Refining လုပ်ခြင်းဖြင့် Critical Thinking ကို မြှင့်တင်နိုင်မှာဖြစ်ပါတယ်။


📚 Course Outline 

Course ကို Minecraft World အတွင်းရှိ အခြေခံ Programming Logic မှ အဆင့်မြင့် OOP နှင့် AI Applications များအထိ တိုးတက်လာစေရန်အတွက် အဆင့် (၅) ဆင့်ဖြင့် ဖန်တီဂထားပါသည်။

Level 1: Exploring the Minecraft 3D World and Basic Programming Logic (Minecraft 3D World ကို လေ့လာခြင်းနှင့် အခြေခံ Programming Logic)

ကျောင်းသားများသည် Minecraft Environment နှင့် Programming Platform တို့ကို ရင်းနှီးကျွမ်းဝင်လာမှာဖြစ်ပါတယ်။ ၎င်းတို့သည် အခြေခံ Programming Principles နှင့် Logic များကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာကာ အမျိုးမျိုးသော In-game Interactions များကို ဖန်တီးရန်နှင့် Event-trigger Mechanisms များကို နားလည်ပြီး ထူးခြားသော Mini-Games များကို ဖန်တီးနိုင်ရန် အထိလေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။

  • Drone Control (Drone ထိန်းချုပ်မှု): “Drone” (Programming Tool တစ်ခု) ၏ Concept ကို နားလည်ပြီး ၎င်း၏ လှုပ်ရှားမှုများကို ထိန်းချုပ်ရန် Coding ကို အသုံးပြုကာ Game Effects များကို မြှင့်တင်ခြင်းများ။

  • Event-Trigger Logic (Event-Trigger Logic): အခြေခံ Event-trigger Logic ကို သင်ယူပြီး မတူညီသော Event Characteristics များအပေါ် အခြေခံ၍ New Game Interactions များကို ဖန်တီးခြင်း။

  • Mini-Game Development (Mini-Game ဖန်တီးမှု): ရှိရင်းစွဲ Game Engine ထဲသို့ မတူညီသော Custom Elements များကို ထည့်သွင်းခြင်းဖြင့် ထူးခြားသော Mini-Games များကို တည်ဆောက်ခြင်း စသည်တို့ကိုလေ့လာသင်ယူရမှာဖြစ်ပါတယ်။

Level 2: Advanced Game Interaction Design and Command Creation (အဆင့်မြင့် ဂိမ်းအပြန်အလှန်တုံ့ပြန်မှု ဒီဇိုင်းနှင့် Command ဖန်တီးမှု)

ဤအဆင့်သည် မတူညီသော Game Commands နှင့် Interactive Effects များကို ဖန်တီးရန် ပိုမို ရှုပ်ထွေးသော Techniques များကို လေ့လာရမှာဖြစ်ပါတယ်။ ကျောင်းသားများသည် OOP Concepts များကို ကျွမ်းကျင်ပြီး New Game Rules များကို ဖန်တီးရန် မတူညီသော Event Triggers များကို ပေါင်းစပ်အသုံးပြုရမည်ဖြစ်သည်။

  • Custom Commands (စိတ်ကြိုက် Command များ): သီးခြား Game Events များကို စတင်ရန်နှင့် ထိန်းချုပ်ရန် Custom Game Commands များကို ဖန်တီးခြင်း။

  • Enhanced Interaction (မြှင့်တင်ထားသော အပြန်အလှန်တုံ့ပြန်မှု): Programming မှတစ်ဆင့် PlayersCharacters နှင့် Objects များအကြား Interaction ကို မြှင့်တင်ရန် Advanced Event Management ကို ပေါင်းစပ်ထည့်သွင်းခြင်းများ။

  • In-Game Economy (ဂိမ်းအတွင်း စီးပွားရေး): ဂိမ်း Interactivity ကို မြှင့်တင်ရန်နှင့် စီးပွားရေး နိယာမများ (Economic Principles) ကို မိတ်ဆက်ရန် Trading System ကို အသုံးပြု၍ In-game Store တစ်ခုကို တည်ဆောက်ခြင်း စသည်တို့ကိုလေ့လာသင်ယူရမှာဖြစ်ပါတယ်။

Level 3: Enhancing Game Diversity through Complex Data Handling (ရှုပ်ထွေးသော Data Handling မှတစ်ဆင့် ဂိမ်းကွဲပြားမှုကို မြှင့်တင်ခြင်း)

ကျောင်းသားများသည် ရှုပ်ထွေးသော Data များကို Handle လုပ်ရန်နှင့် Advanced Game Logic ကို ဒီဇိုင်းဆွဲရန် သင်ယူခြင်းဖြင့် Game Design အပေါ်  ပိုမို နက်ရှိုင်းစွာ နားလည်လာမှာဖြစ်ပါတယ်။ ၎င်းတို့သည် ဆန်းသစ်သော Effects များကို ဖန်တီးရန် Geometry နှင့် Physics ကို အသုံးပြုခြင်းများပါဝင်ပါတယ်။

  • Data Structure Handling (Data Structure ကိုင်တွယ်မှု): Data Structure Handling Methods များကို ကျွမ်းကျင်အောင် လေ့လာပြီး Lists များကို ဖန်တီးရန်နှင့် High-level Game Logic ကို ဒီဇိုင်းဆွဲရန် သင်ယူရမည်ဖြစ်သည်။

  • 3D Principles (3D နိယာမများ): Game Design တွင် 3D Coordinate Systems နှင့် Physical Principles များကို မည်သို့ အသုံးချရမည်ကို သင်ယူရမည်။

  • Unique Game Objects (ထူးခြားသော Game Objects များ): တစ်မျိုးတည်းသော၊ ထူးခြားသည့် Game Objects များကို ဖန်တီးရန် Advanced Game Elements များကို အသုံးပြုရမည်ဖြစ်သည်။

Level 4: Creating Large-Scale Parkour Game

Application-heavy Level သည် ကျောင်းသားများအား ယခင်အဆင့်များမှ Knowledge များကို ပေါင်းစပ်၍ Large-scale Game တစ်ခုကို ဒီဇိုင်းဆွဲရန်ဖြစ်ပါသည်။ ၎င်းတို့သည် Game Map ကို တည်ဆောက်ခြင်း၊ Player Physics ကို ထိန်းချုပ်ခြင်းနှင့် ထူးခြားသော Gaming Experience တစ်ခုကို ဖန်တီးရန် Traps များကို ဒီဇိုင်းဆွဲခြင်း စတာတွေကိုသင်ယူလေ့လာရမှာဖြစ်ပါတယ်။

  • Multiplayer Development (Multiplayer ဖန်တီးမှု): Game ၏ ကွဲပြားမှု (Diversity) နှင့် ပျော်ရွှင်မှု (Enjoyment) ကို မြှင့်တင်ရန် Large-scale Minecraft Multiplayer Games များကို ဖန်တီးရန် သင်ယူရမည်။

  • Complex Techniques (ရှုပ်ထွေးသော Techniques များ): Complex Coding Techniques နှင့် Mixed Event Triggers များကို ကျွမ်းကျင်လာမည်ဖြစ်သည်။

  • Advanced Data Structures (အဆင့်မြင့် Data Structures များ): ပိုမို တိကျသော Game Logic ကို တည်ဆောက်ရန် Metadata ကဲ့သို့သော Advanced Data Structures များကို အသုံးချရ လေ့လာခြင်း စသည်တို့ပါဝင်မှာဖြစ်ပါတယ်။

 

Level 5: Exploring Advanced Object-Oriented Programming and AI Programming Applications (အဆင့်မြင့် Object-Oriented Programming နှင့် AI Programming Applications များကို လေ့လာခြင်း)

ဤနောက်ဆုံးအဆင့်သည် Advanced OOP Techniques များကို ကျွမ်းကျင်အောင် လေ့လာခြင်းနှင့် ဂိမ်းများအတွင်း Artificial Intelligence (AI) ကို အသုံးချရန် သင်ယူခြင်းအပေါ် အာရုံစိုက်ထားပါသည်။ ၎င်းသည် ဂိမ်း၏ ရှုပ်ထွေးမှု (Complexity) နှင့် ဉာဏ်ရည်ထက်မြက်သော အပြန်အလှန်တုံ့ပြန်မှုများ (Intelligent Interactions) ကို မြှင့်တင်ပေးမှာဖြစ်ပါတယ်။

  • Advanced Data Structures (အဆင့်မြင့် Data Structures များ): အလွန်ရှုပ်ထွေးသော Game Logic ကို Support လုပ်သော Advanced Data Structures များကို တည်ဆောက်ရန် သင်ယူရမည်။

  • AI Fundamentals (AI အခြေခံများ): AI Algorithms ၏ အခြေခံများ (Fundamentals) နှင့် Computational Logic ကို နားလည်သဘောပေါက်လာမည်။

  • Intelligent Systems (ဉာဏ်ရည်ထက်မြက်သော စနစ်များ): Intelligent Recommendation Systems ကဲ့သို့သော ရှုပ်ထွေးသော Features များကို ဖန်တီးရန် AI Elements များကို Game Design တွင် ပေါင်းစပ်ထည့်သွင်းရမည်ဖြစ်သည်။

Your Instructors

Digit Academy

0/5
22 Courses
0 Reviews
0 Students
See more

Don't have an account yet? Sign up for free