Scratch Animation and Game Design Course

Scratch Animation and Game Design Course

Last Update November 8, 2025
Scratch for kids

About This Course

Course သည် Elementary School ကလေးငယ်များ (အသက် ၇နှစ် မှ ၁၀ နှစ်) အတွက် အထူး ဒီဇိုင်းထုတ်ထားပြီး၊ ကျောင်းသားများကို Game Designers များအဖြစ် ပြောင်းလဲပေးရန် ရည်ရွယ်ဖန်တီးထားပါသည်။ Scratch Platform ပေါ်ရှိ Block-based Programming ကို အသုံးပြု၍ ကလေးများသည် စိတ်ကူးစိတ်သန်းများကို လက်တွေ့ကျသော Games နှင့် Animations များအဖြစ် ဖန်တီးရန် သင်ယူမှာဖြစ်ပါတယ်။


📘 Course Description 

Scratch Animation and Game Design Course သည် ကလေးများအား Game Menus များ ဒီဇိုင်းဆွဲခြင်း၊ ဇာတ်ကောင်များ ထိန်းချုပ်ခြင်း (Character Control) နှင့် ပြည့်စုံသော Full Game Loops များ ဖန်တီးခြင်းတို့ကို သင်ကြားပေးမှာဖြစ်ပါတယ်။ ကျောင်းသားများသည် အခြေခံ Coding Concepts များကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာရင်း ၎င်းတို့၏ Problem-solving နှင့် Critical Thinking Skills များကို သိသိသာသာ မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။

သင်ရိုးညွှန်းတမ်းတွင် သင်္ချာ (Math) နှင့် ရူပဗေဒ (Physics) Elements များကို ပေါင်းစပ်ထည့်သွင်းထားသောကြောင့် ခုန်နေသော Dinosaurs များ သို့မဟုတ် Racing Games များကဲ့သို့ လက်တွေ့ဆန်သော ဂိမ်းများ (Realistic Game Scenarios) ကို ဖန်တီးနိုင်မည်။ ထို့ပြင် Emotion Detection Games များကဲ့သို့ အခြေခံ Artificial Intelligence (AI) Concepts များကိုလည်း ထည့်သွင်း မိတ်ဆက်ပေးထားပါသည်။ ဤပြည့်စုံသော ချဉ်းကပ်ပုံသည် ကလေးများအတွက် Game Creation မှတစ်ဆင့် ကြီးထွားမည့် Coding ကမ္ဘာကြီး ကိုလေ့လာနိုင်စွမ်း တံခါးကို ဖွင့်ပေးရန်အတွက် အကောင်းဆုံးအခွင့်အရေး ဖြစ်ပါသည်။

Key Learning Objectives 

  • Game Development (ဂိမ်းဖန်တီးမှု): Scoring Systems၊ ဂိမ်းစတင်ချိန်မြင်ကွင်းများ (Initial Screens) နှင့် ပြီးဆုံးချိန်မြင်ကွင်းများ (End Screens) အပါအဝင် ပြည့်စုံသော ဂိမ်း Processes များကို အခြေခံမှစပြီး ဖန်တီးနိုင်ရန် သင်ကြားပေးမှာဖြစ်ပါတယ်။

  • Applied Concepts (အသုံးချ သဘောတရားများ): လက်တွေ့ကမ္ဘာ Effects များ ပါဝင်သော Projects များကို ဒီဇိုင်းဆွဲရန် အမျိုးမျိုးသော သင်္ချာနှင့် ရူပဗေဒ Concepts များကို လေ့လာပြီး အသုံးချရမည်ဖြစ်သည်။

  • Introductory AI (AI မိတ်ဆက်): ရိုးရှင်းသော AI Applications များကို ဖန်တီးရန်အတွက် အခြေခံ Artificial Intelligence Concepts များကို အသုံးပြုရမည်ဖြစ်သည်။

  • Skill Application (စွမ်းရည် အသုံးချမှု): စိတ်ကူးများကို လက်တွေ့ကျသော ဖန်တီးမှုများ (Tangible Creations) အဖြစ် ပြောင်းလဲရန် သင်ယူထားသော Skills နှင့် Creativity ကို လက်တွေ့ အသုံးချရမည်ဖြစ်သည်။

📚 Course Outline

Course သည် Scratch Platform ၏ အခြေခံ သဘောတရားများမှသည် အဆင့်မြင့် Programming Techniques များအထိ နက်နက်နဲနဲ လေ့လာနိုင်ရန်အတွက် အဆင့် (၅) ဆင့်ဖြင့် ပါဝင်မှာဖြစ်ပါတယ်။


 

Level 1: Introduction to Animation Design and Game Creation (Animation ဒီဇိုင်းနှင့် ဂိမ်းဖန်တီးမှု မိတ်ဆက်)

Foundational Level တွင် အခြေခံ Computer Animations နှင့် သာမန် Scratch Command များကို သင်ကြားပေးမှာဖြစ်ပါတယ်။ ကျောင်းသားများသည် Event-trigger control၊ ဇာတ်ကောင် လှုပ်ရှားမှု (Character Movement) နှင့် မြင်ကွင်း အကူးအပြောင်း (Scene Transitions) များကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာရပြီး ၎င်းတို့ကို Game Design တွင် လက်တွေ့ပြန်လည် အသုံးချရမှာဖြစ်ပါတယ်။

  • Animation and Sequences (Animation နှင့် အစီအစဉ်များ): အခြေခံ Animation Design Concept များကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာပြီး Sequences (အစီအစဉ်တကျ အဆင့်များ) ကို မည်သို့ အသုံးချရမည်ကို နားလည်သဘောပေါက်လာမည်ဖြစ်သည်။

  • Gameplay Methods (ဂိမ်းကစားနည်း ပုံစံများ): Keyboard နှင့် Mouse Input များ အပါအဝင် ကွန်ပျူတာဂိမ်းများအတွက် အမျိုးမျိုးသော ဇာတ်ကောင် ထိန်းချုပ်မှုနည်းလမ်းများ (Character Control Methods) ကို ဒီဇိုင်းဆွဲရန် လေ့လာရမည်ဖြစ်သည်။

  • Mini-Game Completion (Mini-Game များပြီးမြောက်အောင် ဖန်တီးခြင်း): သာမန် Scratch Command များကို ကျွမ်းကျင်စွာ အသုံးပြု၍ Full Mini-Games ပေါင်းများစွာကို ဒီဇိုင်းဆွဲကာ ပြီးမြောက်အောင် ဖန်တီးမှုများလဲပါတင်ပါသည်။


 

Level 2: Integrating Math and Physics to Enhance Game Design (ဂိမ်းဒီဇိုင်း မြှင့်တင်ရန်အတွက် သင်္ချာနှင့် ရူပဗေဒကို ပေါင်းစပ်ခြင်း)

ဤအဆင့်သည် Game Design တွင် လက်တွေ့ကျသော ရူပဗေဒ သက်ရောက်မှုများ (Physical Effects) ထည့်သွင်းရန် အဓိကထားသည်။ ကျောင်းသားများကို လက်တွေ့ကမ္ဘာရှိ Objects များကို လေ့လာပြီး Coding ကို အသုံးပြု၍ ထို Effects များကို ပုံဖော်ရန် အားပေးပြီး ၎င်းတို့၏ Work တွင် ပြန်လည် ထည့်သွင်းအသုံးပြုရမှာဖြစ်ပါတယ်။

  • Physical Principles (ရူပဗေဒ နိယာမများ): Physical Principles (ဥပမာ- Gravity သို့မဟုတ် Momentum) များကို လက်တွေ့ကျသော ဥပမာများမှတစ်ဆင့် သင်ယူကာ Game Design ထဲသို့ ပေါင်းစပ်ထည့်သွင်းခြင်းများ။

  • Game Variation (ဂိမ်းပုံစံ ကွဲပြားမှုများ): Game Creation အပေါ် ၎င်းတို့၏ ရှုထောင့်ကို ချဲ့ထွင်ရန်အတွက် အမျိုးမျိုးသော Game Variation များကို လေ့လာခြင်။

  • Game Mechanics (ဂိမ်း ယန္တရားများ): ဂိမ်းများ၏ ပျော်ရွှင်မှုနှင့် Challenge ကို မြှင့်တင်ရန် ပြည့်စုံသော Level Systems ဖန်တီးခြင်းကဲ့သို့သော မတူညီသည့် Game Mechanics များကို ဒီဇိုင်းဆွဲခြင်းများ စသည်တို့ကို လေ့လာရမှာ ဖြစ်ပါတယ်။


Level 3: Advanced Game Development Techniques (အဆင့်မြင့် ဂိမ်းဖန်တီးမှု နည်းစနစ်များ)

ဤအဆင့်သည် Large-scale Games များ ဖန်တီးခြင်းနှင့် ပိုမို ရှုပ်ထွေးသော နည်းစနစ်များ (Techniques) ကို မိတ်ဆက်ပေးခြင်းအပေါ် အာရုံစိုက်သည်။

  • Data Handling (ဒေတာ စီမံခန့်ခွဲမှု): Lists များကို အသုံးပြု၍ ဂိမ်းဒေတာ (Game Data) ကို ထိရောက်စွာ ကိုင်တွယ်ရန် သင်ယူရမည်ဖြစ်ပြီး အခြားသော Advanced Coding Concepts များကို ကျွမ်းကျင်ရန် လေ့ကျင့်ပေးမှာဖြစ်ပါတယ်။

  • Cloning Mastery (Cloning ကျွမ်းကျင်မှု): Shooting Games ကဲ့သို့သော ဥပမာများကို အသုံးပြု၍ နားလည်မှုကို ခိုင်မာစေပြီး ဂိမ်းများ၏ ရှုပ်ထွေးမှု (Complexity) ကို မြှင့်တင်ရန် Cloning Techniques ကို အသုံးချရတက်ခြင်းများ။

  • Classic Game Development (Classic ဂိမ်း ဖန်တီးခြင်း): မြင်ကွင်းအမျိုးမျိုးတွင် Multiple Game Characters များအကြား Interaction ကို စီမံခန့်ခွဲရန် သင်ယူ၍ Classic Games များကို ဖန်တီးရမည်ဖြစ်သည်။


Level 4: Comprehensive Platform Game Development (ပြည့်စုံသော Platform ဂိမ်း ဖန်တီးခြင်း)

ကျောင်းသားများသည် အမျိုးမျိုးသော Scratch Coding Techniques နှင့် အဆင့်မြင့် ရူပဗေဒ သက်ရောက်မှုများ (Advanced Physical Effects) ကို ပေါင်းစပ်၍ အဓိက Project တစ်ခုကို တည်ဆောက်ကြရမှာဖြစ်ပါတယ်။

  • Frame Animation (Frame Animation): ဂိမ်းများတွင် ချောမွေ့ပြီး လက်တွေ့ဆန်သော ဇာတ်ကောင် လှုပ်ရှားမှုများ (Character Movements) ကို ဖန်တီးရန် Frame Animation Techniques များကို သင်ယူရမည်ဖြစ်သည်။

  • Platform Mechanics (Platform ယန္တရားများ): Platform Game Design တွင် Gravity နှင့် Jumping ကဲ့သို့သော ရူပဗေဒ သက်ရောက်မှုများ (Physical Effects) ကို အသုံးချကာ ယခင် သင်ယူခဲ့သမျှ အားလုံးကို ပေါင်းစပ်ခြင်းများ။

  • Large-Scale Design (Large-Scale ဒီဇိုင်း): ၎င်းတို့၏ ပထမဆုံး Complete Platform Game ကို အစမှနေ၍ ဖန်တီးရမည်ဖြစ်ပြီး Large-scale game design အတွက် လိုအပ်သော Skills များကို ကျွမ်းကျင်ပိုင်နိုင်လာမှာဖြစ်ပါတယ်။


Level 5: Introduction to Artificial Intelligence Concepts (ဉာဏ်ရည်တု AI သဘောတရားများ မိတ်ဆက်)

နောက်ဆုံးအဆင့်သည် အဆင့်မြင့် Computational Thinking ကို ထိတွေ့နိုင်စေရန် အခြေခံ AI နှင့် သက်ဆိုင်သော Projects များကို အဓိက အာရုံစိုက်ထားပါတယ်။

  • Machine Learning Basics (Machine Learning အခြေခံများ): အခြေခံ Machine Learning Concepts များကို နားလည်ပြီး Real-time Player Interactions များကို တုံ့ပြန်သည့် Interactive Games များကို ဖန်တီးခြင်းများ။

  • AI Model Training (AI Model လေ့ကျင့်ခြင်း): ထူးခြားသော AI Models များကို လေ့ကျင့်ပေးခြင်း၊ Machine LearningTraining Steps နှင့် Principles များကို နာလည်ပြီး ကျွမ်းကျင်စေခြင်း။

  • AI Algorithms (AI Algorithms များ): ဂိမ်းတစ်ခုအတွင်း အခြေခံ Recommendation System တစ်ခုကို ဖန်တီးရန် Introductory AI Algorithms များကို သင်ယူရမှာဖြစ်ပါတယ်။

Your Instructors

Digit Academy

0/5
22 Courses
0 Reviews
0 Students
See more

Don't have an account yet? Sign up for free