Description
Smart Kids Racer သည် Smart Kids Starter နှင့် Smart Kids Explorer အပြီးတွင် ဆက်လက်လေ့လာဖတ်ရှုသင့်သော Digital Kids Series ၏ တတိယအဆင့် ဖြစ်ပါသည်။
ဤစာအုပ်သည် Grade 3 ကျောင်းသား/သူများအတွက် ရည်ရွယ်ပြီး၊ ယခင်အဆင့်များမှ လေ့လာခဲ့သော Computer Foundation Skills များကို အခြေခံထားကာ ပိုပြီး Practical Technology Applications များ နှင့် Computational Thinking သဘောတရားများကို တိုးချဲ့လေ့လာနိုင်ရန် ရည်ရွယ်ထားပါသည်။
🎯 Book Overview
“Smart Kids Racer” တ္ငင် သင်ခန်းစာများသည် ကွန်ပျူတာကို အခြေခံ အသုံးပြုနည်းများ မှ Computer tools များကို အသုံးပြုပြီး အချက်အလက်ရှာဖွေရန် (Research) နှင့် ပြဿနာဖြေရှင်းရန် (Problem-Solving) အတွက် ဖြစ်ပါတယ်။
စာအုပ်အတွင်းပါသည့် သင်ခန်းစာများမှာ Project-based Learning နဲ့ Hands-on Activities များဖြင့် ပျော်ရွှင်စွာ လေ့လာနိုင်အောင် ဖန်တီးထားပါသည်။
📚 Key Learning Topics
🧠 Computational Thinking
-
Algorithms – ပြဿနာများဖြေရှင်းရန်အတွက် အဆင့်လိုက် လုပ်ဆောင်ချက်များကို နားလည်ခြင်း။
-
Flowcharts – Algorithm တစ်ခုရဲ့ လုပ်ဆောင်ချက် အဆင့်များကို ပြသသည့် Visual Diagram များဖန်တီးခြင်း။
🌐 Advanced Internet Skills
-
Effective Searching – Google ကဲ့သို့ Search Engine များကို အသုံးပြုပြီး သတ်မှတ်ထားသော အချက်အလက်များကို ထိထိရောက်ရောက် ရှာဖွေရန်။
-
Using Online Resources – Online Encyclopedia (Wiki) များမှ သတင်းအချက်အလက်များ စုဆောင်းပြီး လက်တွေ့သင်ခန်းစာများအတွက် အသုံးပြုနည်း။
🛡️ Digital Citizenship & Safety
-
Online Rules – အွန်လိုင်းပေါ်တွင် ပြောဆိုရာတွင် ယဉ်ကျေးမှုနှင့် လေးစားမှုရှိစွာ ပြုမှုတက်ရန်။
-
Online Safety – ကိုယ်ရေးအချက်အလက်များ မှားယွင်းစွာ မမျှဝေရန်၊ Virus များကနေ လုံခြုံအောင် ကာကွယ်နည်း။
🔢 Data and Logic
-
Order of Operations – Multiplication, Addition စသည့် လုပ်ဆောင်မှုအစဉ်အဆက်များကို နားလည်ခြင်း။
-
Working with Numbers – ပိုပြီးရှုပ်ထွေးသော တွက်ချက်မှုများကို ကွန်ပျူတာကိုအသုံးချပြီး ဆောင်ရွက်ခြင်း။
🧑🏫 For Whom
-
🎓 Grade 3 Students (အသက် ၈ နှစ်မှ ၉ နှစ်အထိ) — Computer & Internet အသုံးအနှုန်းများကို ပိုမိုကျွမ်းကျင်နက်ရှိုင်းစွာ လေ့လာချင်သူများ။
-
💻 Learners who completed “Smart Kids Explorer” — ယခင်အဆင့်များမှ Coding နဲ့ Computational Thinking သဘောတရားများကို ဆက်လက်တိုးတက်လိုသူများ။
-
🧠 Students who enjoy logic, problem-solving, and creativity — Algorithm, Flowchart, Digital Safety စတဲ့ Practical Topics တွေကို လေ့လာချင်သူများ။
-
👨👩👧👦 Parents & Teachers — Internet နဲ့ Technology ကို လုံခြုံစွာ အသုံးပြုနည်း သင်ပေးလိုသူများ အတွက် အသုံးဝင်သော လေ့လာမှတ်စုစာအုပ် ဖြစ်ပါသည်။

Reviews
There are no reviews yet.